ကျောက်ဆည် ဩဂုတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက ကျောင်း သား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးနှင့် အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပစာပေများဖတ်ရှုခြင်းဖြင့် အသိအမြင် အတွေးအခေါ်များ ပိုမိုရရှိစေရေး၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာကာ ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရေးနှင့် အကျိုးရှိသည့်စာပေများ ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း စာအုပ်၊စာပေများ ဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ယဉ်ကျေးလိမ္မာပြီး ဗဟုသုတများပိုမိုကြွယ်ဝလာမည်ဖြစ်ကြောင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်မြမြမွန်က အချိန်ကိုအကျိုးရှိစွာအသုံးချသည့်အနေဖြင့် ခရိုင်ပြည် သူ့စာကြည့်တိုက်တွင် မိမိတို့ဖတ်ရှုလေ့လာလိုသည့် စာအုပ်များအခမဲ့လာရောက်ဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပုံပြောပြိုင်ပွဲ၊ကဗျာရွတ်ပြိုင်ပွဲနှင့်စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်သား/ကျောင်သူ (၄၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
သက်မောင်