ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ်စနေနေ့တိုင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်နေပြည် သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းကအခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

နှစ်စဉ်မိုးတွင်းကာလ၌ ကြုံတွေ့နေရသည့် ရေကြီးရေလျှံဘေးမှ ကာကွယ်နိုင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ဌာနဆိုင်ရာများမှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဥ်စနေနေ့တိုင်း နံနက် ၇ နာရီမှ ၉ နာရီအထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း အမှုဆောင်အသစ်ရွေးချယ်တင်မြှောက်ပွဲ ကျင်းပဆောင်ရွက်

 ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း အမှုဆောင်အသစ် ရွေးချယ်တင်မြှောက်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြို့သန့်ရှင်းသာယာလှပရေး အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေး မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်နယ်မိသားစုများစုပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(မန်ခိန်)နှင့် ခေမာသီရပ်ကွက်ရှိ ခေမာသီဝံဘုန်းတော်ကြီးကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲတွင် ဆောင်ရွက်ခဲ့ကြသည်။

ထားဝယ်မြို့တွင်ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး /ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးလမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား

ဩဂုတ်လ ၁၈ နှင့် ၁၉ ရက်နေ့တွင် ကျင်းပြုလုပ်ခဲ့သည့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ် တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေး ဦးစီးမှူးများ၏ (၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးလမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကိုယနေ့နံနက် ၉နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးတရား လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမတွင် Video Conference စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

မတ္တရာမြို့တွင် စားသုံးဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးပြီး ဆန်များ အခမဲ့ပေးဝေ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အခြေခံလူတန်းစားများအား စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် လှူရှင်များမှ ဆန်များ အခမဲ့ဖြန့်ဝေခြင်းကို မတ္တရာမြို့မဈေး တောင်ဘက် ဗိုလ်ချုပ်အောင်ဆန်းလမ်း၌ ယနေ့ နံနက် ၇ နာရီအချိန်မှ စတင်၍ ရောင်းချ၊ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်၍ ကျောင်းသား/သူများအား ပညာသင် ကြားပေးလျက်ရှိရာ မိုးရာသီကာလ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်၊

နတ်မောက်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေးစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေး စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ပြည်ထောင်စုလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှ လမ်းညွှန်မှာကြားချက်များအား ခရိုင်/ မြို့နယ် တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများအား ထပ်ဆင့်ရှင

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ၏ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအား ကချင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် က ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ် တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီ က ကချင်ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to