ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ကြာအင်းဆိပ်ကြီး ဩဂုတ် ၂၇

မည်သူမဆို မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သလို အခြားသူကိုလည်းကူးစက်နိုင်သဖြင့် အများပြည်သူများအနေဖြင့် ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ် ရှောင်ရှားနိုင်စေရေးနှင့် မျောက်‌ကျောက်ရောဂါနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးအတွက် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

အဆိုပါမျောက်ကျောက်ရောဂါ အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ကျင်းပရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ဝင်းနှင့် ရုပ်သံ ကျွမ်းကျင်-၃ဒေါ်သဲဝါတို့က မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ဆွေးနွေးရာ မျောက် ကျောက်ရောဂါလက္ခဏာများဖြစ်သည့် မျက်နှာ၊ လက်၊ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင်ဖင်အနီကွက်များနှင့်အတူ အရည်ကြည်ဖုများပေါက်ခြင်း၊ အဖျားရှိခြင်း၊ ပြန်ရည်အိတ် (Lymph node) ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့်နောက်ကျောနာကျင်ကိုက်

ခဲခြင်း၊ အင်အားကုန်ခမ်းခြင်း စသည့်လက္ခဏာများဖြစ်ပေါ်ခြင်းကြောင့် သင်ကိုယ်တိုင် မျောက်ကျောက်ရောဂါဖြစိပွား‌နေသည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းများထံမှ အကြံဉာဏ်ရယူခြင်း၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ရောဂါလက္ခဏာခံစာနေရသူနှင့် အနီးကပ်ထိတွေ့မှုရှိပါက မျောက်ကျောက် ရောဂါကူးစက်ခံရနိုင်ကြောင်း စသည့် အကြောင်းအရာများအား အသိပညာဆွေးနွေးကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများအား On Line  မှတဆင့်စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ ပြည်သူများအနေဖြင့် သိရှိလိုသည်များအား We love Kyarin Seikkyi Facebook page စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း သိရသည်။

မျိုးမင်းဦး(ပြန်/ဆက်)