မိုးကုတ်မြို့နယ်၌ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဖွံဖြိုးတိုးတက်စေရန်နှင့် တည်ငြိမ် အေးချမ်းစေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း၌ ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်၍ တည်ငြိမ်အေးချမ်းစေရန်အတွက်   နယ်မြေစိုးမိုးရေးအနေဖြင့်  ကွင်းဆင်းအဖွဲ့  စစ်ကြောင်းကြီး (၅)ကြောင်းဖြစ်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ(၃၅) ဦး ပါဝင်သောအဖွဲ့သည် မိုးကုတ်မြို့မှ ထွက်ခွာလာခဲ့ရာ မိုးကုတ်မြို့နယ်၊ ရေညှိအင်းကျေးရွာ၌  ယမန်နေ့နံနက် (၀၉:၀၀)နာရီ အချိန်တွင် ဒေသခံပြည်သူများ ကျား(၅၃)၊ မ(၂၅) စုစုပေါင်း(၇၈)ဦးနှင့် တွေ့ဆုံပြီး ဟောပြော ဆွေးနွေးခြင်း၊

ပုသိမ်ကြီးမြို့နယ်၊ ဇီဝိတဒါန သံဃာဆေးရုံဝန်းအတွင်း ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန် ကြီးကြပ်မှုဖြင့် ပုသိမ်ကြီးမြို့ရှိ ဇီဝိတဒါနသံဃာဆေးရုံအား ဥပတိရုပ်ကောင်းမွန်စေရေး၊ အရပ်ဝေး/အရပ်နီးမှ လာရောက်ဆေးကုသမှုခံယူသော သံဃာတော်များ လေကောင်းလေသန့် ရရှိ၍ စိတ်အေးချမ်းသာယာစွာ ဆေးကုသခံယူနိုင်ရန်တွက် ဆေးရုံးဝန်းအတွင်း/အပြင် နေရာများမှာ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်အား ဒါနသန့်ရှင်းရေး လုပ်ငန်းကို ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှ ၈ နာရီအထိ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

ငပုတော မြို့နယ်တွင် အသက်(၂)နှစ်အောက်ရှိ က‌‌လေးနှင့် ကိုယ်ဝန်ဆောင် မိခင်များအား  ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဟင်းအိုးချောင်း အုပ်စု ရေငံ-သရက်ကုန်း ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အသက် (၂) နှစ်အောက်ရှိ ကလေးနှင့် ကိုယ်ဝန်ဆောင် မိခင်များအား အဟာရ မျှတစွာစားသုံးနိုင်ရေး ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပင်လုံမြို့ အထက(၁) ကျောင်း၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့အထက(၁)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် ပင်လုံနယ်မြေရဲစခန်းတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီဝန်ကြီးချုပ်ဦးမြတ်ကို ဒေသအတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းအကောင်အထည် ဖော်ရေးကော်မတီ အစည်းအဝေး သို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အုတ်ဖိုမြို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အုတ်ဖိုမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော် မရှင်၏ အသိပညာပေးကဏ္ဍ အများပြည်သူ ထံမှတုံ့ပြန်မှုရယူခြင်းအစီအစဥ်"1111" Public Feedback Programme အစီအစဥ်အရ ယနေ့နံနက်ပိုင်းက အုတ်ဖိုမြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့်ဝန်ထမ်းများက အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community   Centre ၌ ‌အသိပညာ‌ ပေးဟောပြောပွဲ၊ နံရံကပ်စာ‌စောင်၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလေးများ ကာယ၊ ဉာဏ စွမ်းရည်ဖွံဖြိုးတိုးတက်စေရန်၊ ကလေးငယ်လေးများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ်များ မြင့်မားလာစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်၊ စာပေမှ အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ စာသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်၊ စာအုပ်ပြပွဲကို ယမန်နေ့မွန်လွဲပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  Community  Centre ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ကော့သောင်းခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကြီးကြပ်မှုကာ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ယနေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်ဈေးအရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့၌ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးနှင့် မူခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြော

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဲကွတ်ကဲရေးအဖွဲ့မှူး ဒုရဲမှူးကြီး သန်းဌေးအောင် ဦးဆောင်၍ မူးယစ်ဆေးဝါးကင်းစင် ပပျောက်ရေးနှင့် မူခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။
Subscribe to