ထန်းတပင်မြို့ စစ်တောင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၃.၇)သိန်းမျိုးစိုက်ထည့်
ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မူနှင့်ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် သားစဉ်မြေးဆက်ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏လူမူဘ၀ပိုမိုဖွံ့ဖြိုးတိုး တက်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ စစ်တောင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃.၇)သိန်းမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ(၁၁)နာရီက မြို့အ၀င်စစ်တောင်းတံတားထိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။