ဝေါမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး  ကွင်းဆင်းဆွေးနွေး

ဝေါ ဩဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ၊ ကျေးရွာများတွင်  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း ()ကြောင်းကို ဖွဲ့စည်းကာ ကွင်းဆင်းဆွေးနွေးပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့၊ နေ့လယ်ပိုင်းက ရှမ်းစုကျေးရွာရှိ ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ထို့သို့ တွေ့ဆုံးဆွေးနွေးရာတွင် အုပ်ချုပ်ရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဥပဒေ၊ နည်းဥပဒေနှင့် အညီဆောင်ရွက်ရန်၊ လုံခြုံရေး ကိစ္စရပ်များ ပေါင်းစပ်ဆောင်ရွက်ရန်၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ သတင်းအမှားနှင့် လှုပ်ဆော်မှုများအပေါ် ယုံကြည်မှုမရှိစေရေးနှင့် ရပ်ရွာလူထုလိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံရေး၊ လူမှုရေး၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးစသည့် စစ်ကြောင်းအဖွဲ့ ခေါင်းဆောင်များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ပညာရေးနှင့် ကျန်းမာရေးလုပ်ငန်းများအား ဆွေနွေးပြောကြားပြီး၊ ဒေသခံပြည်သူများ ကျေးရွာအတွင်း လိုအပ်ချက်များအား ပြန်လည်တင်ပြဆွေးနွေးသည်။

ယင်းနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့သည် ကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူအား ထိုးနှံပေးခြင်း၊  နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုလူဦးရေးစာရင်းများ ပြုလုပ်ပေးခြင်း၊ အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ အခြေခံပညာကျောင်းများသို့ သွားရောက်ကာ သင်ကြားရေးနှင့် ပတ်သက်၍ ဖြည့်ဆည်းရမည့် အချက်များကို မေးမြန်းခြင်းနှင့် မြို့နှင့် ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် တိုင်းတာပေးပြီး ဆိုင်ရာဌာနအလိုက် ဘတ်ဂျက်ထည့်သွင်း နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)