သန်လျင် သြဂုတ် ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် သဘာဝဘေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်း ခရိုင်ရုံး (သန်လျင်)လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးHကံထူးတို့က သဘာဘေးအန္တရာယ်များ ဖြစ်သော ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ စသည့်ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ ကူညီထောက်ပံ့ရေး၊ ကယ်ဆယ်ရေး အစရှိသည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား အပြန်အလှန် Talk Show ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုးက သဘာဝဘေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်