ဗန်းမော်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၁၆)ကျောင်း၊ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေများပေးအပ်

ဗန်းမော်      ဩဂုတ်    ၂၇

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း၌ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၆)ကျောင်းအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ထောက်ပံ့ခြင်း၊ ပရဟိတဂေဟာနှင့်ဘိုးဘွားရိပ်သာသို့ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီနှင့်ရွှေကူမြို့နယ်တို့မှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းတစ်ကျောင်းလျှင် ထောက်ပံ့ငွေ ၁၀၆၀၀၀၀ ကျပ်ဖြင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်း(၁၆)ကျောင်း အတွက် စုစုပေါင်းထောက်ပံ့ငွေ ၁၆၉၆၀၀၀၀ကျပ်ကို လည်းကောင်း၊ ဗန်းမော်မြို့နယ် ညောင်ပင်သာပရဟိတဂေဟာအတွက် ထောက်ပံ့ငွေ ၆၇၆၂၀၀၀ ကျပ်၊ ဗန်းမော် ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေ ၂၆၃၈၅၀၀ ကျပ်တို့ကို ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဥမ္မာဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကာ စေတနာ့ဝန်ထမ်းများ၏ ကိုယ်စားညောင်ပင်သာပရဟိတဂေဟာမှူးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဗန်းမော်(ပြန်/ဆက်)