လားရှိုး ဩဂုတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၈)နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲအတွက် ထောက်ပံ့ငွေကျပ်သိန်း(၈၀)အားထောက်ပံ့ပေးအပ်ရာ ရှမ်းပြည်နယ်ပညာရေးမှူး(ရုံးခွဲ)၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက လက်ခံရယူခဲ့သည်။ ထို့နောက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးက ပါမောက္ခ/နည်းပြ ဆရာ၊ ဆရာမများအား ဂုဏ်ပြုချီးမြှင့် ငွေကျပ် (၁၀)သိန်းအား ပေးအပ်ရာ လားရှိုးတက္ကသိုလ်ပါမေက္ခချုပ် ဒေါက်တာဌေးအောင်က လက်ခံရ ယူခဲ့သည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို နေရာ(၈)နေရာခွဲ၍ ၂၇-၈-၂၀၂၂ ရက်နေ့မှ ၂၈-၈-၂၀၂၂ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ဆရာ/ဆရာမ စုစုပေါင်း(၉၂၃)ဦး တက်ရောက်နေကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး