ကျိုင်းတောင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဟောပြောပွဲ ကျင်းပ

ကျိုင်းတောင်း သြဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဟောပြောပွဲကို ကျိုင်းတောင်းနယ်မြေရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်း ၉:၃၀ အချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်း (တုန်ဟုန်း) နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(တုန်ဟုန်း) ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းဆိုင်လောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကျိုင်းတောင်းနယ်မြေ ရဲတပ်ဖွဲ့ စခန်းမှူး ဦးမျိုးမြင့်အောင်က လူကုန်မှုဆိုင်ရာအချက်အလက်များ၊ လူကုန်ကူးမှုတွင် သိသင့်သိထိုက်သည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးပြောခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းသီဟထွန်းက လူကုန်ကူးမှုတိုက်ဖျက်ရေး ခေါင်းစဥ်ဖြင့် ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ယင်းဟော​ပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုဆိုင်ရာအချက်အလက်နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှုဆိုင်ရာ နံရံကပ်ဓာတ်ပုံများ၊ ဒေသဖွံ့ဖြိုးတိုးရေးဆိုင်ရာမှတ်တမ်းဓာတ်ပုံများကို ကျောင်းသား/သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)