ဝေါ သြဂုတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဝေါမြို့နယ်ရုမ်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဒေသခံတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းက ဝေါမြို့နယ်အတွင်း လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြစ် သည့်စစ်ကြောင်းများဖွဲ့စည်း၍ လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် ကျေးလက်ဒေသဖွံဖြိုးရေး၊ ရေရရှိရေး၊မီး ရရှိရေး၊ လမ်းတံတားများတည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးကောင်းမွန်စေရေးနှင့် ကုန်ထုတ်လုပ်မှုစနစ်များစနစ်တကျရှိစေရေးတို့အား ရှင်း လင်းပြောကြားသည်။ ဆက်လက်၍ နိုင်ငံရေးစစ်ကြောင်းခေါင်းဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်း အောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဥ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်အား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းခြင်း၊အကြမ် းဖက်အဖွဲ့စည်းများ၏ လုပ်ဆောင်ချက်များ ကြောင့် အပြစ်မဲ့ပြည်သူများသေဆုံး၊ဒ ဏ်ရာရမှုဖြစ်စဥ်များအား ချပြရှင်းလင်း၍ အကြမ်းဖက် အဖွဲ့ အစည်းများနှင့် ပတ်သက်၍စပ်စပ်မှုမရှိစေရေးကိစ္စများ ရွေးကောက်ပွဲကျင်းပမည့် အခြေအနေတို့အား ရှင်းလင်းပြောကြားသည်။ လူမှုရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-(၂) ဦးကြည်ဝင်းက ကျောင်းသား/ ကျောင်းသူများ၏ ပညာ သင်ကြားရေးအတွက်လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ ဆရာဆရာမလိုအပ်ချက်ရှိပါက ညှိင်နှိုင်းဆောင်ရွက်ပေးသွားမည်ကိစ္စများ၊ ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း၊ အလုပ်အအကိုင် အခွင့်အလမ်း၊ ရရှိစေရန်ကူညီပေးခြင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သံဃာများအတွက် ဆွမ်း၊ကွမ်းအခက်အခဲရှိပါက ကူညီဆောင်ရွက်ပေးရန်ကိစ္စရပ် များအား ရှင်းလင်းပြောကြားသည်။ စည်းရုံးရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်(၃) ဦးဝင်းဇော်ဦးက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်၊ အိမ်ထောင်စု၊ လူဦးရေ စာရင်းများပြုလုပ်ပေးခြင်း၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများ ပစ္စည်း(၄)ပါး ထောက်ပံ့လှူဒါန်းကျေးရွာ လူထုလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊အလုပ်အကိုင် အခွင့်အလမ်းများဖော်ထုတ်ဆောင်ရွက်ပေးခြင်းများအား ရှင်း လင်းပြောကြားသည်။ထို့နောက် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းလှိုင်က ကျေးရွာချင်းဆက်လမ်းများကြံခိုင်မှုရှိ မရှိစစ်ဆေး၍လိုအပ်ချက်များ ဆောင်ရွက်သည်၊ မြို့ရွာလမ်းများ၊ အဆင့်မြှင့်တင်ပေးဆောင် ရွက်မှုများအား ရှင်းလင်းပြောကြားသည်။
ထို့နောက်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးတိုးတက်ရေး အတွက် စစ်ကြောင်းကြီး (၅) ကြောင်းတွင် ပါဝင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်၊အိမ်ထောင်စု လူဦးရေစာရင်းများထုတ်ပေးခြင်း၊ စာသင်ကျောင်းလိုအပ်ချက်၊ ကျေးရွာတွင်းလမ်းများ လိုအပ်ချက်များအားကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)