ထန်းတပင်(ပဲခူး) ဩဂုတ် ၂၇
ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မူနှင့်ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် သားစဉ်မြေးဆက်ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏လူမူဘ၀ပိုမိုဖွံ့ဖြိုးတိုး တက်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ စစ်တောင်းမြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ (၃.၇)သိန်းမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ(၁၁)နာရီက မြို့အ၀င်စစ်တောင်းတံတားထိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တောင်ငူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ထန်းတပင်မြို့စခန်းတာ၀န်ခံနှင့် တာ၀န်ရှိသူများ၊ ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွက်ကဲရေး ကော်မတီနှင့်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၀န်ထမ်းများ၊ ရေလုပ်သားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာတာ၀န်ရှိသူများက ရေလုပ်သားများ လက်၀ယ်သို့ငါးသားပေါက်မျိုးများ ဖြန့်ဖြူးပေးအပ် ခဲ့ပြီး(၂)လက်မအရွယ် ငါးမြစ်ချင်းသား ပေါက်နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ စုစုပေါင်း (၃.၇)သိန်းကိုစစ်တောင်းမြစ်အတွင်းသို့ စုပေါင်းကာငါးမျိုး စိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)