လှိုင်းဘွဲ ဩဂုတ် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၁၃ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အားကစားသမားများက အားကစာအဓိဋ္ဌာန်ရွတ်ဆိုပြီး ကျောင်းကောင်စီဥက္ကဋ္ဌ ဒေါ်နန်းဝင်းရွှေက ကျောင်းသား၊ကျောင်း သူများအနေဖြင့် ကျောင်းစာအပြင် အားကစားလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဘုရင့်နောင်အမျိုးသမီးအသင်းနှင့် အနော်ရထားအမျိုးသမီး ဘောလုံးအသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌ ဘောလုံးပြိုင်ပွဲကို အနော်ရထာ၊ ကျန်စစ် သား၊ ဘရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓူလ အမျိုးသားဘောလုံးအသင်း(၅)သင်းနှင့်အမျိုးသမီး ဘောလုံးအသင်း(၅)သင်းတို့ဖြင့် ဩဂုတ်လ(၂၃)ရက်နေ့မှစတင်၍ ဩဂုတ်(၂၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လင်းသန့်(ပြန်/ဆက်)