ဆိပ်ကြီးခနောင်တို ဩဂုတ် ၂၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီ ကယ်ဆယ်နိုင်ရေးအတွက် သဘာဝဘေး ကူညီကယ်ဆယ်ရေးတပ်စုကို မြို့နယ်မီးသတ်ဦးစီးဌာနတွင် အသင့်စုဖွဲ့ထားရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရှာဖွေ ကူညီကယ်ဆယ်ရေး တပ်စုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် အင်အား ၃၅ ဦးဖြင့် ဖွဲ့စည်းထားပြီး မုန်တိုင်းဘေး၊ ရေကြီးမှုဘေး၊ မြေပြိုဘေးနှင့် အခြားသော သဘာဝဘေး အန္တရာယ်များ ပေါ်ပေါက်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးအား အချိန်နှင့်တစ်ပြေးညီ အမြန်ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ စက်ယာဉ်ယန္တရားများ အသင့်ပြင်ဆင်ထားရှိခြင်းနှင့် မြို့နယ်နေပြည်သူများအား မုန်တိုင်းသတင်းနှင့် အခြားသော သဘာဝဘေးအန္တရာယ်သတင်းများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိ၍ ကြိုတင်ပြင်ဆင်နိုင်ရေး အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)