ကိုကိုးကျွန်းမြို့နယ်၌ ကိုဗစ်-ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး

ကိုကိုးကျွန်း သြဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်င်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် Covid-19 ရောဂါ ကာကွယ်ဆေးကို ယနေ့တွင် ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် ပြည်သူလူထုအား မြို့နယ်ခန်းမ၌ အသက်(၄၀)နှစ်မှ အသက်(၆၄)နှစ်အထိ တတိယအကြိမ် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည်အုပ်စုများ သတ်မှတ်ပြီး တပ်မတော်မှ ဆေးအဖွဲ့များ ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်နှင့် သူနာပြုများ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းခြင်း သွေးပေါင်ချိန်တိုင်းခြင်း အခြားအထွေထွေရောဂါများကို စမ်းသပ်ပေးခဲ့ပြီး ဆေးထိုးပြီး သူတိုင်းကိုလဲ မိနစ်(၃၀)ခန့် စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

ထိုသို့ တတိယအကြိမ် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ်(၃) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းထိုက်ဦး ကိုကိုးကျွန်းမြို့နယ် လေတပ်စခန်းမှ ဒုတိယဗိုလ်မှူးကြီး ကျော်မိုးဦး အမှတ်(၂၈) ရေတပ်အခြေစိုက်စခန်းမှ ဗိုလ်မှူးချစ်ကိုကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစန်းမင်းနှင့် စီမံအဖွဲ့ဝင်များ ကိုကိုးကျွန်းမြို့နယ် covid ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီဝင်များမှ သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ပြီး၊ ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၁၆၉)ဦး ရှိပြီး ဆေးအလုံးရေ (၃၄)လုံး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုကိုးကျွန်း (ပြန်/ဆက်)