မိုင်းနောင် သြဂုတ်၂၉
ကျောင်းသားလူငယ်များ မိမိတို့၏ စိတ်ကူးများ ပုံဖော်ရေးဆွဲနိုင်ရန်ရည်ရွယ်၍ ပန်းချီ၊ဆေးရောင်ခြယ် ပြိုင်ပွဲကို ယမန်နေ့ ၊နေ့လည်(၂)နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့သည်။
ထိုသို့ ပြုလုပ် ဆောင်ရွက်ရာတွင် ကျောင်းပိတ်ရက်အတွင်း သားငယ်၊ သမီးငယ်များ၊ ကျောင်းသင်ခန်းစာများအပြင်၊ ပြင်ပ ဗဟုသုတများရရှိစေရန်၊ အားလပ်ချိန်များတွင် မိမိ၏ ဝါသနာကို အကျိုးရှိရှိ လက်တွေ့အသုံးချတတ်စေရန်၊ ဉာဏ်ရည်မြှင့်မား၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော အနာဂတ် သားကောင်းရတနာများဖြစ်လာစေရန်နှင့် မိမိတို့၏စိတ်ကူးများကို ပုံဖော်ရေးဆွဲနိုင်ရန် ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို အပတ်စဉ် တနင်္ဂနွေနေ့ နေ့လည်(၂)နာရီတွင် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအပတ်တွင် ပါဝင်ယှဉ်ပြိုင်သူ ပြိုင်ပွဲဝင် သားငယ်၊ သမီးငယ် (၁၄)ဦး အား အလှူရှင် ဦးစိုင်းသာမိုင်းခမ်းနှင့် ဒေါ်နန်းဆိုင်ယွမ့်တို့က ဗလာစာအုပ် လက်ဆောင်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မနန်း(မိုင်းနောင်)