တာချီလိတ် ဩဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လွဲပြောင်းပေးလာသည့် ပြစ်ဒဏ်မှလွတ်မြောက်လာသူ အမျိုးသား(၃၉)ဦး၊ အမျိုးသမီး(၇)ဦး စုစုပေါင်း(၄၆)ဦးကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ၂ တွင် လက်ခံခဲ့ကြသည်။
ပြစ်ဒဏ်မှပြန်လည်လွတ်မြောက်လာသူများကို တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ ခရိုင်လဝကဌာနခွဲ(၆)လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်နှင့်တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။
နေရပ်ပြန်များကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် ၁၉ ရောဂါနှင့်ဗီဇပြောင်းအိုမီခရွန်ရောဂါ ရှိ/မရှိ ဆေးစစ်မှုများပြုလုပ်ပြီး ဝမ်လုံး Quarantine Center ၌(၇)ရက်ထားရှိကာ (၅)ရက်မြောက်နေ့တွင် ဆေးစစ်မှု တစ်ကြိမ်ထပ်မံပြုလုပ်ပြီး ရောဂါပိုးကင်းစင်ပါက မိမိနေရပ်သို့ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူများကို ဆက်လက်၍( ၁၀)ရက် Quarantine ထားရှိမည်ဖြစ်ကြောင်း သိရသည်။ ပြစ်ဒဏ်မှလွတ်မြောက်လာသူများကို နေရပ်ပြန်များကူညီစောင့်ရှောက်ရေးအသင်းမှ လက်ဆေးဂျယ်ရီ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ နှာခေါင်းစီး၊ ဆပ်ပြာခွက်၊ မျက်မှန်အကြည်ပါ တကိုယ်ရည်သုံးပစ္စည်းများကို ဗိုလ်မှူးကြီးမင်းမင်းထွန်းက ပေးအပ်ခဲ့သည်။
ပြစ်ဒဏ်စေ့များကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်မှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မြို့နယ်အမျိုးသမီးရေးရာအသင်း၊ မေတ္တာရှင်၊ ရွှေမယ်ယန်းလူမှုကူညီရေးအသင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လူမှုရေးကူညီစောက်ရှောက်မှုများပေးခဲ့ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)