ဥတ္တရခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ဥတ္တရသီရိ ဩဂုတ်၂၉

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်ယဉ်ကျေးမှု​ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦး၊ စာရေး ဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)တို့က ယဉ်ကျေးမှု၏ အဓိပ္ပါယ်များ၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများ မှေးမှိန်ပျောက်ကွယ်မသွားဖို့ လူငယ်တွေလိုက်နာရမည့်အချက်များ၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မား သည့်နိုင်ငံတစ်ခုအဖြစ်တည်တံ့စေရန် နိုင်ငံသားများလိုက်နာရမည့် ကျင့်ဝတ်နှင့်စည်းကမ်းများ စသည်တို့ကိုဆွေးနွေးခဲ့ကြသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲကို ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)