မန္တလေးခရိုင် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေ၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဒေသခံတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိူင် ပြည်ကြီးတံခွန်မြို့နယ် လုံခြုံရေးတရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြစ်သည့် စစ်ကြောင်းများဖွဲ့စည်း၍ လူမှုစီးပွားဘ၀မြှင့်တင်ရေးအတွက် ကျေးလက်ဒေသဖွံဖြိုးရေး၊ ရေရရှိရေး၊ မီးရရှိရေး၊ လမ်းတံတားများတည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးကောင်းမှုန်စေရေးနှင့် ကုန်ထုတ်လုပ်မှုစနစ်များ စနစ်တကျရှိစေရေးတို့အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နိုင်ငံရေးစစ်ကြောင်းခေါင်းဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးအောင်ကျော်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား ကျယ်ကျယ်ပြန်ပြန့်ရှင်းလင်းခြင်း၊ အကြမ်းဖက်အဖွဲ့စည်းများ၏ လုပ်ဆောင်ချက်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာ ရမှုဖြစ်စဉ်များအား ချပြရှင်းလင်း၍ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်၍ စပ်စပ်မှုမရှိစေရေးကိစ္စများ ရွေးကောက်ပွဲကျင်းပမည့်အခြေအနေတို့အား ရှင်းလင်းပြောကြား သည်။ လူမှုရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲဝင် မြို့နယ်စည်ပင်ယာရေးအမှုဆောင်အရာရှိ ဦးဝင်းနိုင်က မြို့ရွာလမ်းများ အဆင့်မြှင့်တင်ပေး ဆောင်ရွက်မှုများရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးအောင်ခန့်ဝေက ပန်းခင်းစီချက်ဖြင့် နိုင်ငံသားကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းများပြုလုပ်ပေးခြင်း၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများ ပစ္စည်း(၄)ပါးထောက်ပံ့လှူဒါန်းခြင်း၊ ကျေးရွာလူထုလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ဆောင်ရွက်ပေးခြင်းများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာနှင်းဇော်သိန်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းတွင်ပါဝင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ် အိမ်ထောင်စုလူဦးရေစာရင်းများထုတ်ပေးခြင်း၊ စာသင်ကျောင်းလိုအပ်ချက်များအကြောင်း ရှင်လင်းပြောကြားပေးခဲ့သည်။
ကျော်ကျော်အောင် (ပြန်/ဆက်)