ကိုကိုးကျွန်းမြို့နယ်ရုံး၊ Community Centre ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြပွဲကျင်းပ

ကိုကိုးကျွန်း သြဂုတ် ၂၉

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကိုကိုးကျွန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ၊ သဘာဝဘေးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားကြောင်းသိရသည်။

အဆိုပါသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသထားရာတွင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သော မြေငလျင်နှင့်သက်ဆိုင်သော အကြောင်းအရာများ၊ မုန်တိုင်းအန္တရာယ်ကြောင့်ဖြစ်ပေါ်လာနိုင်သော အကြောင်းအရာများ၊ မုန်တိုင်းတိုက်ခတ်ချိန်တွင် ဓါတ်ကြိုးများပြတ်တောက်ခြင်းကြောင့် လျှပ်စစ်အန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာပါစာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၅၂)ဦး စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ရှင်းလင်းပြသခဲ့ပြီး ထိုသို့အသိပညာပေးခြင်းများကို စဉ်ဆက်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုးကျွန်း( ပြန်/ ဆက်)