ဝေါမြို့နယ်၌ စားသုံးဆီလျှင် တစ်ပိဿာငွေကျပ် (၄၃၀၀) နှုန်းဖြင့် လိုက်လံရောင်းချပေး

ဝေါ သြဂုတ် ၂၉

ပဲခူးတိုင်းဒေကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနက ကြီးကြပ်ကာ ပဲခူးမြို့ ဆီကုန်သည်အသင်းက တိုက်ရိုက်ရောင်းချမှု အစီအစဉ်ဖြင့် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် (၄၃၀၀) နှုန်းဖြင့် ရပ်ကွက်များအတွင်း လိုက်လံရောင်းချပေးလျက် ရှိသည်။

ထိုသို့လိုက်လံရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့် တာဝန်ရှိသူများက ကြည့်ကြပ်ကာ တစ်အိမ်ထောင်လျှင် တစ်ပိဿာနှုန်းဖြင့် လိုက်လံရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)