ရွှေကျင် စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ သံဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် အနောက်ဘက်ကျေးရွာအုပ်စုအတွင်း စစ်ဘေးလာရောက် ရှောင်နေသူများအား ယနေ့နံနက် (၉)နာရီအချိန် က ဆန်နှင့်ပုဇွန်ငါးပိထောင်းများကို အနောက်ဘက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သံဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် အနောက်ဘက်ကျေးရွာအုပ်စုအတွင်းရှိ မိမိတို့၏ ဆွေမျိုးများနေအိမ်တွင် သံဆိပ်ကျေးရွာမှ အိမ်ထောင်စု(၃၃)စု၊ လူဦးရေ(၁၂၂)ဦး၊ အင်္ဂနီကျေးရွာမှ အိမ်ထောင်စု(၂၄)စု၊ လူဦးရေ(၁၁၅)ဦး၊ သရက်ချောင်းကျေးရွာမှ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦး၊ ပဒဲကောကျေးရွာမှ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၁)ဦး၊ အထက်မဲဇောင်းကျေးရွာမှ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁၃)ဦး၊ စုစုပေါင်း စစ်ဘေးရှောင် အိမ်ထောင်စု(၆၁)စု၊ လူဦးရေ(၂၆၃)ဦး ပြောင်းရွေ့နေထိုင်ခဲ့ကြပြီး အဆိုပါ စစ်ဘေးရှောင်ပြည်သူများ စာဝတ်နေရေးအဆင်ပြေစေရေးအတွက် သောင်လယ်ကျေးရွာနေ ဦးမောင်မောင်ချို+ဒေါ်သင်းသင်းမာ သမီး မသွန်းရတီမောင် မိသားစုတို့မှ စစ်ဘေးရှောင်ပြည်သူ (၂၆၃)ဦးအတွက် တစ်ဦးလျှင် ဆန်ငါးဗူးနှင့် ပုဇွန်ငါးပိထောင်း (၂)ထုပ်နှုန်းဖြင့် စုစုပေါင်း (၅)သိန်းဖိုးခန့် လာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)