ရမည်းသင်းမြို့နယ်၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ရမည်းသင်း စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်က ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်း ရည်ရွယ်ချက်ဖြစ်သည့် ကျန်းမာရေး စစ်ဆေး တွေ့ရှိချက်များကို စနစ်တကျ မှတ်တမ်းတင်နိုင်ရေး၊ မိဘအုပ်ထိန်သူများ၊ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းများ၏ အဖြစ်များသော ရောဂါကျန်းမာရေးပြသနာများ ဖော်ထုတ် သိရှိနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကို အချိန်မီလွှဲပြောင်း ကုသခြင်းအား ကျန်းမာရေးဌာနနှင့် ချိတ်ဆက်၍လိုအပ်သည့် စောင့်ရှောက်မှုများ ရယူနိုင်ရန်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို မိဘနှင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန်တို့ကို ရှင်းလင်းပြောကြားပြီး မိခင်ကလေး၊ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံဖြိုးရေး မြို့နယ်ဦးစီးအရာရှိ ဒေါ်အိအိချိုနှင့် သင်တန်းဆရာ ကျန်းမာရေးဝန်ထမ်း (၂) ဦးတို့က ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာတို့ကို Projector ဖြင့် လက်တွေ့ရေးသွင်းခြင်းကို သင်တန်း​ပေးခဲ့ပါသည်။

အဆိုပါသင်တန်းသို့ ရမည်းသင်းမြို့နယ်အတွင်းရှိ ဘုန်တော်ကြီသင်ပညာရေးကျောင်း (၉) ကျောင်း၊ အထက်တန်းကျောင်း (၁၄)ကျောင်း၊ အထကခွဲ(၁၃)ကျောင်း၊ အလယ်တန်းကျောင်း (၂၀)၊ အလကခွဲ(၂၁)၊ မူလွန်(၃၂)ကျောင်း၊ မူလတန်းကျောင်း (၁၂၄) ကျောင်းနှင့် မူလတန်းခွဲကျောင်း (၁၂) ကျောင်းတို့မှ ဆရာ၊ဆရာမ (၂၄၂) ဦး တက်ရောက်ကြကာ သင်တန်းအပြီးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေး အဆင့်မြင့် ကျောင်းများ ထူထောင်စို့နှင့် သွေးလွန်တုပ်ကွေး​ရောဂါ ကာကွယ်​ရေးအသိပညာ​ပေး လက်ကမ်း စာ​စောင်များ အခမဲ့ဖြန်ဝေပေးပြီး သင်တန်းပြီးဆုံးပါက  သင်တန်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နောက်ဆုံးအကြိမ် Additional Booster ထိုးနှံပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင် (ပြန်/ဆက်)