ငါ့သရောက်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေး

ငါ့သရောက် စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက ငါ့သရောက်မြို့ မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများအား အခမဲ့ငှားရမ်း ပေးခဲ့ကြောင်းသိရသည်။

ထိုသို့(Mobile Library)စနစ်ဖြင့် အခမဲ့ငှားရမ်းရခြင်းမှာ စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်သူ တိုးပွားလာစေရန် ရည်ရွယ်၍ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ Mobile Library စနစ်ဖြင့် စာအုပ်၊ စာ စောင်များကို အခမဲ့ ငှားရမ်းပေးနေခြင်း ဖြစ်သည်။ ထိုသို့ငှားရမ်းပေးရာတွင် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြ ကာတွန်းအပါဝင် စာအုပ်မျိုးစုံ ပါဝင်ပြီး စာဖတ်ပရိသတ်များအနေဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာ စာအုပ်များကို (၄)ရက်မှ (၆)ရက်အထိ အခမဲ့ငှားရမ်းကြည့်ရှု နိုင်ကြောင်းသိရသည်။ ထို့အပြင် မြို့ရုံးစာကြည့်တိုက်တွင်လည်း အသင်းဝင်လျှောက်ထားပြီး စာအုပ်၊ စာစောင်များကို အခမဲ့လာရောက် ငှားရမ်းကြည့်ရှုနိုင်ကြောင်းကိုလည်းပြောကြားခဲ့သည်။

ထိုသို့ (Mobile Library) စနစ်ဖြင့် သွားရောက်ကာ ငှားရမ်းခြင်းဖြင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအနေဖြင့် စာပေနှင့် ဝေးကွာခြင်းမရှိဘဲ အဆင်ပြေစေရန်နှင့် အချိန်ကုန် သက်သာပြီး စာပေများဖတ်ရှုစေရန်ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

P.W.A(ပြန်/ဆက်)