ဘားအံ စက်တင်ဘာ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများ၏ လူနေမှုဘဝမြင့်မားရေးနှင့် အိမ်တွင်းလက်မှုစီးပွားရေးကို တစ်ပိုင်တစ်နိုင် ဆောင်ရွက်နိုင်ရေးအတွက် ပလတ်စတစ်ခြင်း ရက်လုပ်နည်းအား Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခြင်းကို ယမန့်နေ့ မွန်းလွဲ ၂ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပလတ်စတစ်ခြင်း ရက်လုပ်ရာတွင် ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သန်းသန်းဝင်းက ပလတ်စတစ်ခြင်း ရက်လုပ်ရာတွင်ပါဝင်သည့် ကုန်ကြမ်းပစ္စည်းများ၊ ပလတ်စတစ်ခြင်းတစ်လုံးပေါ်မူတည်၍ ပလတ်စတစ်ကြိုး ဖြတ်တောက်ရပုံအဆင့်ဆင့်၊ လှပသေသပ်၍ ခိုင်ခံ့သည့် ပလတ်စတစ်ခြင်းတစ်လုံးအား ရက်လုပ်ရသည့် နည်းစနစ် အဆင့်ဆင့်အား Online မှတစ်ဆင့် ရိုက်ကူးခဲ့ပြီး We Love Hpaan Page တွင် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးတို့၏ လူနေမှုဘဝမြင့်မားရေးအတွက် တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းများဖြစ်သည့် ခေါင်းလျှော်ရည်လုပ်ငန်း၊ အိမ်သုံးဆပ်ပြာဆီလုပ်နည်း၊ မုန့်ဖုတ်နည်း၊ Bow ကလစ်ပြုလုပ်နည်းသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်