ကျိုက်ထိုမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ကျိုက်ထို စက်တင်ဘာ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ဖွင့်လှစ်ထားသည့် မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျိုက်ထိုမြို့ပေါ်ရပ်ကွက် (၆) ရပ်ကွက်ရှိမွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေးများ ဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ် ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း ပြင်းထန်ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက်ကျွေး​ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကို‌ဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလမ်းညွှန်ချက်များ နှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)