မော်လမြိုင်ကျွန်း စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်ရှိပြည်သူများ စရိတ်သက်သာစွာဖြင့် ဆန်ဝယ်ယူရရှိနိုင်စေရန် စရိတ်မျှပေးထောက်ပံ့ခြင်းအစီအစဉ်အား စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ၉ ရက်နေအထိ မြို့နယ်အတွင်း လှည့်လည် ရောင်းချခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် ဗိုလ်မှူးမင်းထက်မှူး၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်တို့မှ ဒေသခံပြည်သူများအား ဆန်တစ်ပြည် (၁၅၀၀) ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျင် (၄)ပြည်နှုန်းဖြင့် ရောင်းချပေးမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုဝင်များအား ရက်(၉၀)ဆန်များ တစ်ပိုင်တစ်နိုင် ကွင်းဆင်းလှူဒါန်းလျက်ရှိကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)