ငပုတော စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားကြီးများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန် ရည်ရွယ်၍ ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်းလုပ်ငန်းကို စက်တင်ဘာ ၃ ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။
ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးသော အနှေးယာဉ်(ဆိုက္ကား)များ၊ အများပြည်သူ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် အနှေးယာဉ်များ ရှေ့/နောက်တွင် ရောင်ပြန်စတစ်ကာ များ တပ်ဆင်ထားမှုအခြေအနေအား ငပုတောမြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများမှ စစ်ဆေးကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)