ငပုတောမြို့နယ်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေး

ငပုတော စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ပြည်သူများ ပလတ် စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့ အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စိစစ်ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မဈေးအတွင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ‌ ဈေးဆိုင်များ၊ ပုဂ္ဂလိကပိုင် အိမ်ဆိုင်များ၊ အဖွဲ့ပိုင် မြို့မဈေးအတွင်း ရှိစျေးရောင်းချသူများအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များအစား အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူတို့ဖြင့် သင့်တော်ရာအစားထိုး ထုတ်ပိုးသုံးစွဲစေရေးအတွက် ပြည်သူများအား ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး အသိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကိုင်စပီကာများဖြင့် ပြည်သူများ ပါဝင်ဆောင်ရွက်ပေးနိုင်ရေး လိုက်လံအသိပေးနှိုးဆော် လျက်ရှိကြောင်းနှင့်  လိုက်နာဆောင်ရွက်မှုရှိစေရေး မြို့နယ်ရဲတပ်ဖွဲ့နှင့် မီသတ်တပ်ဖွဲ့ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဈေးကော်မတီဝင်များမှ လိုက်လံကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)