ဝါးခယ်မ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်အတွင်း လူစည်ကားရာ နေရာများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းစေရေး အသိပညာပေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အများပြည်သူသွားလာရာ မြို့အဝင်/ထွက် စစ်ဆေးရေးဂိတ်နှင့် လူစည်ကားရာ နေရာများတွင် ယာဉ်အန္တရာယ်ကင်းစေရန် ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်း စီးနင်းစေခြင်း၊ ဦးထုပ်မပါပါက နောက်ကြောင်းပြန်သွားစေခြင်း၊ ယာဉ်လိုင်စင်၊ လူလိုင်စင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပါ/ မပါ စစ်ဆေးပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း ( ပြန်/ဆက်)