သရက်မြို့၍၌ အသက်(၂)လမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို  ပုံမှန်ကာကွယ်ဆေး  ထိုးနှံပေး

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အသက်(၂)လမှ အသက် (၁)နှစ်ခွဲထိကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက ရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့ပေါ်(၈)ရပ်ကွက်မှ အသက်(၂)လမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး  စတင်ထိုးနှံပေးလျက်ရှိသည်။

နတ်မောက်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များအား အပတ်စဉ် တနင်္လာနေ့တိုင်း ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို အပတ်စဉ်တနင်္လာနေ့ နံနက်(၉)နာရီအချိန်မှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများက ဆောင်ရွက်ပေးလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း အသက်အကြီးဆုံးအဖိုးအဖွားများအား ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူများအားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်နှင့် ချမ်းဖမ်းကျေးရွာအုပ်စုနှင့် ဖရိုနိမ်းကျေးရွာရှိ သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ဦးတည်အုပ်စုပါဝင်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဦးတည်အုပ်စုပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကျေးလက်နေဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဇရပ်လှကျေးရွာအုပ်စု ကြိမ်မြောင်းကျေးရွာရှိ ဒေသခံ ကျေးလက်နေပြည်သူများ၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဇရပ်လှကျေးရွာအုပ်စု ကြိမ်မြောင်းကျေးရွာ ဘုရားတန်ဆောင်းအတွင်း၌ ဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံခဲ့သည်။

သောက်သုံးရေလိုအပ်နေသော ရွှေလှိုင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ရွှေလှိုင်းကျေးရွာ အခြေခံပညာမလတန်းကျောင်းသို့ ယနေ့နံနက် ၈နာရီအချိန်က သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ဒဂုံမြို့နယ်တွင် သန့်ရှင်းသာယာလှပ​စေ​ရေး စု​ပေါင်းသန့်ရှင်း​ရေး​များဆောင်ရွက်

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ မြို့မ​ကျောင်းလမ်းရှိ မင်္ဂလာရာမကျောင်းတွင် ယမန်နေ့နံနက် ၇ နာရီက ဌာနဆိုင်ရာများပူး​ပေါင်း၍ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့သည်။ ထိုသို့​ဆောင်ရွက်ရာသို့ ကျောက်တံတားခရိုင် စည်ပင်သာယာအုပ်ချုပ်​ရေးမှူးက လာ​ရောက်ကြည့်ရှုစစ်​ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့​သည်။

ကျောက်ပန်းတောင်းမြို့နယ် သခွားသီးများဈေးကောင်းရရှိသောကြောင့် သခွားစိုက်တောင်သူများအဆင်ပြေ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင် ကျေးရွာများစိုက်ပျိုးသည့် သခွားသီးများလှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကောင်းနေခြင်းကြောင့် စိုက်ပျိုးသည့်တောင်သူများအဆင်ပြေတွက်ခြေကိုက်နေကြကြောင်း သခွားစိုက်ပျိုးတောင်သူ လဲဂွကျေးရွာ ဒေါ်ဌေးကြည်ထံကသိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် မအူပင်ခရိုင် ပြန်/ဆက် ဦးစီးဌာနရုံး ဝန်ထမ်းများနှင့်တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် စက်တင်ဘာလ (၃)ရက်နေ့ မွန်းလွဲ ၂ အချိန်ခန့်က မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မအူပင်ခရိုင်ရုံးနှင့် ညောင်တုန်းမြို့နယ်ရုံး၊ ပန်းတနော်မြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Subscribe to