ရန်ကင်း စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁:၃၀ နာရီက မြန်မာနိုင်ငံစာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာမ မြမဥ္ဇူနှင့် နိုင်ငံတကာစာတတ်မြာက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ယနေ့ခေတ်သည် ပညာခေတ်ဖြစ်၍ အရာရာကို ပညာဖြင့် တိုင်းတာခြင်းနှင့်အညီ ဖွံ့ဖြိုးသည့်နိုင်ငံ၊ တိုးတက်သော မိသားစု၊ မြင့်မားသောလူမှုဘဝများ ရယူတည်ဆောက်နိုင်ရေးအတွက် နိုင်ငံသားတိုင်း ပညာအခြခံနှင့် ပြည့်စုံမှသာ အောင်မြင်မည်ဖြစ်ကြောင်း နိုင်ငံတကာစာတတ်မြောက်ရေး အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံစာရေး ဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမ မြမဥ္ဇူ က ကမ္ဘာတစ်ဝန်း ဆက်သွယ်မှုများနှင့်အတူ အတတ်ပညာ၊ နည်းပညာအသစ်များသည် အရှိန်အဟုန်ပြင်းစွာဖြင့် အပြိုင်အဆိုင်ပြောင်းလဲ တိုးတက်လျက်ရှိရာ အမီလိုက်နိုင်ရန်အတွက် နိုင်ငံသားတိုင်း စာတတ်မြောက်ခြင်း၊ ပညာပြည့်ဝခြင်းသည် အဓိကဖြစ်သည်။ ပညာသည် အမှောင်ခွင်း၍ အလင်းဆောင်နိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး၊ စာမတတ်ပါက အကန်းနှင့်တူကြောင်း၊ စာတတ်မြောက်ခြင်းနှင့် အမျိုးသားပညာရည်မြင့်မားခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်စေသည့် အဓိကမောင်းနှင်အား ဖြစ်ပြီး စာတတ်မြောက်ရေး ဆောင်ရွက်မှုများကို အားလုံးပူးပေါင်း ဆောင်ရွက်မှသာ အသိပညာမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာ၍ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးကို စွမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း ရန်ကင်းမြို့နယ် ဦးစီးအရာရှိ ဒေါ်အိရွှေစင် က ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အသိပညာပေးခြင်းလုပ်ငန်းများကို ကျန်းမာရေးလမ်းညွှန်ချက်များနဲ့အညီ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အိရွှေစင် (ပြန်/ဆက်)