သင်္ဃန်းကျွန်းမြို့နယ်တွင် Mobile ဈေးကားနှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး

သင်္ဃန်းကျွန်း  စက်တင်ဘာ  ၈

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၈ နာရီအချိန်မှစတင်၍ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ဦးဘဟန်လမ်းတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများကို စျေးနှုန်းချိုသာစွာဖြင့် လာ‌ရောက်ရောင်းချပေးလျက်ရှိရာ ကြက်ဥ(၁) လုံးလျှင်(၁၇၅)ကျပ်၊ ဆန်(၁)ပြည်(၁၅၈၅)ကျပ်၊ ဆီတစ်ပိသာ(၅၃၀၀)ကျပ်နှုန်းဖြင့်  တစ်အိမ်ထောင်လျှင် ဆန် တစ်ပြည်၊ ဆီ ၂၅ကျပ်သား၊ ကြက်ဥ ၁၀လုံးနှုန်းဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူများအဆင်ပြေဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုဘုန်း(သင်္ဃန်းကျွန်း)