နတ်မောက်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူသည့်ပစ္စည်းများကို စစ်ဆေးလက်ခံခြင်းဆောင်ရွက်

နတ်မောက် စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါစနစ်ဖြင့် ဝယ်ယူသည့်ပစ္စည်းများကို အရည်အသွေးစစ်ဆေးရေးနှင့်လက်ခံရေးကော်မတီမှ စစ်ဆေးလက်ခံခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကတ္တရာလမ်းလုပ်ငန်းများအတွက် တင်ဒါအောင်မြင်သည့် Treasure Winner Land Trading Co,LTD မှ ပေးပို့လာသည့် ကတ္တရာ (၂၃.၅)တန်၊ (၁၂၈)လုံးအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီက စစ်ဆေးလက်ခံခဲ့ကြောင်း သိရသည်။

ဖြိုးဖြိုး (ပြန်/ဆက်)