ရန်ကင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ရန်ကင်း စက်တင်ဘာ  ၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့နံနက် (၀၉:၀၀) အချိန် က အမှတ် (၁၄) ရပ်ကွက် မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ် -၁၉ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင်  Booster (Sinovac)နှင့်  (Sinopharn) ကာကွယ်ဆေးများကို Sinopharm/ Sinovacနှင့် Covidshield ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သို့ဖြစ်ရာ အသက်၁၈နှစ်အထက်များအား ပထမအကြိမ် (Covaxin)၊ အသက်၁၅နှစ်မှ အသက် ၁၈နှစ် ကျောင်းပြင်ပကလေးများအား (Sinovac) ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)