ငရုတ်ကောင်းမြို့တွင်ကိုဗစ်-၁၉ရောဂါမဖြစ်ပွားစေရေးအတွက်ဌာနဆိုင်ရာများစုပေါင်း၍ (Mask Campaign) ပြုလုပ်

ငရုတ်ကောင်း   စက်တင်ဘာ   ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင်ကိုဗစ် ၁၉ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးလုပ်ငန်း (Mask Campaign) ဆောင်ရွက်ခြင်းကိုမြို့ဝင်ဂိတ်၊ လူစည် ကားရာ လမ်းဆုံများတွင် ယမန်နေ့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက်ပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း(Mask)တပ်ဆင်သွားလာကြရန် အသိပညာပေးပြောကြားပြီး (Mask) များဖြန့်ဝေ ပေးခဲ့ကြသည်။ ထိုသို့ (Mask Campaign) ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးမြတ်သန်းထွန်း၊ ရဲတပ်ဖွဲ့မှရဲအုပ် ဦးထွန်းလင်းထက်၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ မီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးဒေါ်ကျော်မာလာလွင်နှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)