လပွတ္တာမြို့နယ်အတွင်း ပြည်သူများ ကို‌ဗစ်-၁၉ ရောဂါ ကာကွယ်စေရေးအတွက် mask campaign ဆောင်ရွက်

လပွတ္တာ စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထား‌သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လိုက်နာစေရေး အတွက် ယနေ့ နံနက် ၉ နာရီက နန္ဒဝန်စျေး၊ ရေပေါ်(မြို့မ)စျေး၊ ဆိုက္ကားဂိတ်၊ မော်တော်ဆိပ်များတွင် mask campaign များ ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ mask campaign ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရ ဦးဆောင်မှုဖြင့် ကျန်းမာ​ရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့အမှု​ဆောင်အရာရှိ ဒေါ်လေးမြမြဦးနှင့် ဝန်ထမ်းများ သည် လူစည်ကားရာနေရာများဖြစ်သော နန္ဒဝန်စျေး၊ ရေပေါ်(မြို့မ)စျေး၊ ဆိုက္ကားဂိတ်၊ မော်တော်ဆိပ်များတွင် လမ်းသွားလမ်းလာ ပြည်သူများ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် mask မပါသော ပြည်သူများကို mask များ အခမဲ့ဝေငှခြင်း၊ တပ်ဆင်စေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင် (ပြန်/ဆက်)