လေးမျက်နှာ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု ဇင်ပြွန်းကုန်းကျေးရွာ ငါးသယံဇာတထိန်းသိမ်းရေး ဇုန်(၂) သဘာဝရေပြင်အတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားကို ယနေ့ နံနက်ပိုင်း၌ ပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်သဘာဝရေပြင်အတွင်း ဇီဝိတဒါန ငါးလွှတ်ခြင်း၊ ငါးမျိုး မပြုန်းတီးရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ငဝန်မြစ်အတွင်းရှိ ရေလုပ်သားများအား ငါးဖမ်းရာတွင် ရှော့တိုက်ဖမ်းခြင်းများ မပြုလုပ်ရန်အတွက် စည်းကမ်းချက်များ ထုတ်ပြန်ကာ အရေးယူဆောင်ရွက်လျက်ရှိ သည်။ ယနေ့တွင် ငါးမြစ်ချင်းအကောင်ရေ(၃)သိန်းအား သဘာဝရေပြင်အတွင်းသို့ လွှတ်ပေးခဲ့ရာ အဆိုပါ အခမ်းအနားသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးပိုင်၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒေါ်လဲ့လဲ့အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲ များ တက်ရောက်ကာ စုပေါင်း ငါးလွှတ်ခဲ့ကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)