ငါန်းဇွန်မြို့တွင် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်

ငါန်းဇွန်  စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မစည်ပင်သာဈေး၌ ယနေ့နံနက် ၇နာရီအချိန်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပထွက်ခွာသည့် အခါတိုင်း Mask စနစ်တကျတပ်ဆင်ရေးသွားလာရေး Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကနှင့် အဖွဲ့ ဝင်များ၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ ပူးပေါင်း၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် မြို့မစည်ပင်သာယာဈေး အတွင်း/အပြင် ဈေးသွားဈေးလာပြည်သူများနှင့် ဒေသခံပြည်သူများအား “နေထိုင်မှုပုံစံ အသစ်” ကိုဗစ်-၁၉ရောဂါ မိမိက စကာကွယ်ပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Mask တပ်ဆင်ရန်လှုံ့ဆော်ခြင်း၊ Mask အခုရေ (၁၀၀၀၀)အား ဝေငှခြင်း၊ Mask စနစ်တကျတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)