ကျောက်မဲမြို့၊ အမက(၁)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကွင်းဆင်းဆောင်ရွက်

ကျောက်မဲ  စက်တင်ဘာ   ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည်  ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမက ၁ ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက မူးယစ်ဆေးဝါး၏ဆိုးကျိုးများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ခင်မြတ်ဝါက စာဖတ်ခြင်း၏ အကျိုးကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး ‌ကျောင်းသားကျောင်းသူများအား  အချိန် ၁ နာရီပေး၍ စာဖတ်စေခြင်း အပြန်အလှန် ပြန်လည်ဆွေးနွေးစေခြင်း၊ စာအုပ်များငှာရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းသား/ကျောင်းသူ ၇၀ ဦးကျော် တက်ရောက်ခဲ့ပြီး ပြသထားသည့် နံရံကပ်စာစောင်နှင့်ဓါတ်ပုံများကို စိတ်ဝင်တစားကြည့်ရှုကြကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)