ဒဂုံအရှေ့ စက်တင်ဘာ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှကြီးကြပ်၍ လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ သဘာဝမြစ်ချောင်းကန်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မအူးချောင်းအတွင်းငါးခုံးမကြီးနှင့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ(၇.၅)သိန်းတို့ကို ထောင်တစ်လုံးပိုင်၊ ဘဲတန်းတံတားရှိအမှတ်(၇)လမ်းမကြီးအနီးတွင် ယနေ့နံနက်(၉)နာရီက ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါငါးမျိုးစိုက်ထည့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင်က ငါးမျိုးစိုက်ထည့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ရန်ကုန်တိုင်းဒသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးတင့်လွင်၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးသက်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာနမှဝန်ထမ်းများက မအူးချောင်းအတွင်းသို့ ငါးခုံးမကြီးသားပေါက်ကောင်ရေ(၂.၅)သိန်းနှင့် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ(၅)သိန်း စုစုပေါင်းငါးကောင်ရေ(၇.၅)သိန်း(၇၅၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန်(ပြန်/ဆက်)