ညောင်ဦးမြို့နယ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ရောင်းချပေး

ညောင်ဦး  စက်တင်ဘာ 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်လျက် ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့ အမှတ်(၃)၊ အောင်ဇေယျရပ်ဓမ္မာရုံတွင် ပြည်သူများလက်ဝယ်အရောက် အခြေခံစားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာ ဆန်တစ်ပြီ၊ ကြက်သွန်ငါးဆယ်ကျပ်သား၊ ဆားငါးဆယ်ကျပ်သား၊ ကြက်ဥ ငါးလုံးတို့ကို (၄၅၀၀) ကျပ်ဖြင့် ရောင်းချပေးခြင်း၊ စားသုံးဆီငါးဆယ်ကျပ်သားကို ၂၇၅၀ ကျပ်ဖြင့် သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများအားရောင်းချပေးခဲ့ရာ ဆီပိဿာချိန် ၆၆၀ ပိသာနှင့် ဆန်၊ ကြက်ဥ၊ ကြက်သွန်၊ ဆားတို့အား အိမ်ထောင်စု (၃၅၀) စုစာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များ ရောင်းချသည့်နေရာသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များမှ ကြီးကြပ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကိုကြေးမုံ