ကျောက်တံခါးမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ဆေးဝါးနှင့်အဟာရထောက်ပံ့ဆောင်ရွက်

ကျောက်တံခါး   စက်တင်ဘာ  ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့၏ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ဆေးဝါးနှင့်အာဟာရထောက်ပံ့ဆောင်ရွက်မှုကို ယမန်နေ့က ဟာရီးကျေးရွာအုပ်စု သူဌေးကျေးရွာ သားဖွားဆောင်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားမည့်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ဆေးဝါးနှင့်အာဟာရထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲသို့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မိခင်နှင့်ကလေးစောက့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားမည့်မိခင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)