မြစ်သား စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို ပူးပေါင်း၍ ကျောင်းသား/သူများ ညဏ်ရည်ညဏ်သွေးဖွံ့ဖြိုးတိုး တက်စေရန်နှင့်စာဖက်စွမ်းရည်တိုးတက်မြင့်မားလာစေရန်ရည်ရွယ်ကာ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူလတန်းအဆင့်ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မျာ းရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်ခိုင်သန္တာလွင်က ပြိုင်ပွဲစည်း ကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါပုံပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၇)ဦးမှ ပုံပြင်ခေါင်းစဉ်(၃)ခုအား မဲနှိုက်ကာ ယှဉ်ပြိုင်ခဲ့သည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၌ပြိုင်ပွဲဝင်(၅)ဦးမှ ဗျိုင်းနှင့်လုလင်ပျို(ဆရာကာပြန် အာခေါင်လှံစူး)ခေါင်းစဉ် ဖြင့်အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက်ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယ၊ တတိယဆုနှင့်နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများမှ ဆုလက်ဆောင်များ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။
သီတာအောင်(မြစ်သား)