ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး Mask Campaign ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး Mask Campaign ကို ယနေ့နံနက် ၉ နာရီက ပုလောမြို့ မြို့နယ်ခန်းမရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခရိုင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကလိန်အောင်မြို့ အမက-မူလတန်း‌ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမက-မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ်ဖြစ် နယ်လှည့်စာကြည့်တိုက်စာအုပ်စာ‌စောင်များ ခင်းကျင်းပြသခြင်းနှင့် စာအုပ်များငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က ကျောင်းရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးခွန်သက်နောင် ဦးဆောင်၍ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျရေး

အခြေခံပညာအထက်တန်းကျောင်း(ဇီးကုန်း)၌ အသိပညာပေးဟောပြောခြင်းများပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.ကဇီးကုန်း)၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာနှင့်ဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်း ဟောပြောပွဲခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့ရှိ လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၊ သဲတော-ဝမ်းတွင်းလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့သည်။

နေပြည်တော်ကောင်စီမှ တပ်ကုန်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆင်းရဲချို့တဲ့ အိမ်ထောင်စုများ အား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချပေး

နေပြည်တော်ကောင်စီမှ တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ဆင်းရဲချို့တဲ့ အိမ်ထောင်စုများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချပေးခြင်းကို ယနေ့နံနက် ၉နာရီခွဲက  မြဝတီရပ်ကွက်၊တဲကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်းနှင့် ဆရာစံရပ်ကွက်၊နယ်မြေ(၁)တွင် ရောင်းချပေးရာ နေပြည်တော်ကောင်စီမှ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည့် ဆန်များကို တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်နှင့်ဆရာစံရပ်ကွက်အတွင်းရှိ  ဆင်းရဲချို့တဲ့အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်နှုန်းဖြင့် ဆန်တစ်ပြည်ကို (၁၀၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။

မာန်အောင်မြို့၌ ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂ ခုနှစ်စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်၁၁နာရီက အထက(ခွဲ)စျေးတန်း၌ ကျင်းပခဲ့သည်။

ပလောက်မြို့၌  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး  Talk Show ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပလောက်မြို့ Community Centre၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to