ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး Mask Campaign ပြုလုပ်

ပုလော  စက်တင်ဘာလ  

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး Mask Campaign ကို ယနေ့နံနက် ၉ နာရီက ပုလောမြို့ မြို့နယ်ခန်းမရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါသည် နိုင်ငံတကာနှင့်အိမ်နီးချင်းနိုင်ငံအချို့တွင် ဖြစ်ပွားမှုများပြားလျက်ရှိပြီး၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးများကို ပြည်ပမှ ဝင်ရောက် လာသူများနှင့် ပြည်တွင်းကူးစက်ခံရသူများတွင် တွေ့ရှိရပြီး၊ ယခုရက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားလျက်ရှိရာ ပုလောမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ နှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေးခဲ့ပြီး နှာခေါင်းစည်း Mask တပ်ဆင်သွားလာ ကြရန် Mask များ ဝေငှခဲ့သည်။

အဆိုပါ Mask Campaign တွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ထွေအုပ်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊  ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ Mask အခု (၁၀၀၀) ကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)