နေပြည်တော်ကောင်စီမှ တပ်ကုန်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆင်းရဲချို့တဲ့ အိမ်ထောင်စုများ အား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချပေး

တပ်ကုန်း  စက်တင်ဘာ ၉

နေပြည်တော်ကောင်စီမှ တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ဆင်းရဲချို့တဲ့ အိမ်ထောင်စုများအား ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချပေးခြင်းကို ယနေ့နံနက် ၉နာရီခွဲက  မြဝတီရပ်ကွက်၊တဲကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်းနှင့် ဆရာစံရပ်ကွက်၊နယ်မြေ(၁)တွင် ရောင်းချပေးရာ နေပြည်တော်ကောင်စီမှ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည့် ဆန်များကို တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်နှင့်ဆရာစံရပ်ကွက်အတွင်းရှိ  ဆင်းရဲချို့တဲ့အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်နှုန်းဖြင့် ဆန်တစ်ပြည်ကို (၁၀၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။

ထို့သို့ရောင်းချပေးရာ တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူးနိုင်လင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး၊ ကျန်ရပ်ကွက်များတွင်လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်