ကလိန်အောင်မြို့ အမက-မူလတန်း‌ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ပေး

ကလိန်အောင် စက်တင်ဘာ   ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမက-မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ်ဖြစ် နယ်လှည့်စာကြည့်တိုက်စာအုပ်စာ‌စောင်များ ခင်းကျင်းပြသခြင်းနှင့် စာအုပ်များငှားရမ်းပေးခြင်းကို ယမန်နေ့နေ့လယ်(၂)နာရီအချိန်က ကျောင်းရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ Mobile စနစ်ဖြင့် စာအုပ်စာစောင်ပြသခြင်းနှင့် ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ စာပေကို အလွယ်တကူလေ့လာ ဖတ်ရှုနိုင်ရန်အတွက် သုတ/ရသ စာအုပ်များ၊ ရုပ်ပြပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ စကားပုံစာအုပ်များ၊ ဂျာနယ်များစသည့် ကလေးများ အသိပညာဗဟုသုတ ရရှိစေမည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသကာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခြင်း၊  Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ခင်လဲ့