မာန်အောင်မြို့၌ ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ

မာန်အောင် စက်တင်ဘာ ၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂ ခုနှစ်စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်၁၁နာရီက အ.ထ.က(ခွဲ)စျေးတန်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်၂၀၂၂ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ပေးပို့သော ယူနစ်စကို (Unesco) ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို မြို့နယ်ပညာရေးမှူးဦးမောင်သန်းလှိုင်မှ ဖတ်ကြားပြီး စာတတ်မြောက်ရေးလုပ်ငန်းများတွင် ပြည်သူများအရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် စာတတ်မြောက်မှုနှန်းမြင့်မားလာမည်ဖြစ်​ကြောင်းနှင့် ပြည်သူများကလည်း ပူးပေါင်းပါဝင်ကြစေလိုကြောင်း ပြောကြားသည်။

 အဆိုပါအခမ်းအနားသို့ဆရာ/ဆရာမများပြည်သူများ ၁၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)