ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာ ၈ ရက်နေ့တွက် ကျရောက်သော (၇၅)နှစ်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန် အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။

ကလေးဝမြို့တွင် မိုးစပါး ၁၅၈၄၉ ဧက စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ပျိုးရန် ဧက ၁၆၆၈၈ ဧက စိုက်ပျိုးရန် လျာထားရာ  စက်တင်ဘာလ ၉ ရက်နေ့ထိ ၁၅၈၄၉ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်သဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၅% ခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း ကလေးဝမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

ဓနုဖြူမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြည်သူသို့ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ (၁၁)ရပ်ကွက်ရှိ ဦးအောင်ဇေယျ ဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများအား အခြေခံ စားသောက်ကုန် ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက်(၈)နာရီအချိန်က စတင်ရောင်းချ ပေးလျက်ရှိသည်။

ပန်းဘဲတန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ

စက်တင်ဘာလ(၈)ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၌ ဆီထွက်သီးနှံမျိုးစုံ(၅၀၂၆)ဧကစိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ယဏ္ဍာနှစ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် မြေပဲ၊နှမ်း၊နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမျိုးစုံ(၅၀၂၆)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် ကုက္ကိုပင်လဲကျခြင်းကြောင့် လျှပ်စစ်မီးတိုင်နှင့်ဖုန်းတိုင်အချို့ပျက်စီး

ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ စစ်ကိုင်း-မန္တလေးလမ်းပေါ်တွင် ယမန်နေ့ နံနက် ၆ နာရီခန့်က လုံးပတ် (၁၅) ပေခန့်ရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီး လဲကျခဲ့ခြင်း‌ကြောင့် လျှပ်စစ်မီးတိုင်နှင့်ဖုန်းတိုင်အချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သတင်းရရှိသည်။

ဟင်္သာတမြို့ နည်းပညာအထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်း သိကောင်းစရာ ဟောပြောပွဲ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းသိကောင်းစရာ ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ က ဟင်္သာတမြို့ နည်းပညာအထက်တန်းကျောင်း အစည်းဝေးခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။

မာန်အောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ အမှတ်(၇)မေဃဝတီမဂ္ဂဇင်းထုတ်ဝေနိုင်ရေး (ပဉ္စမ)အကြိမ် အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မေဃဝတီမဂ္ဂဇင်းကော်မတီမှ မာန်အောင်မြို့နယ်မှ ထုတ်ဝေလျက်ရှိသော

ထားဝယ်မြို့၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ရေး Mask Campaign ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်းစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့်အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသည် ထားဝယ်မြို့ အတွင်းMask Campaign လှုပ်ရှားမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to